ဇာတိကိန်းမဲ့ စာရင်းအင်းပညာနည်းလမ်များအတွက် R [ဒေါက်တာစိုးဝင်း(PhD)(စာရင်းအင်းပညာ)]

ဒေါက်တာစိုးဝင်း(PhD)

ဇာတိကိန်းမဲ့ စာရင်းအင်းပညာနည်းလမ်များအတွက် R [ဒေါက်တာစိုးဝင်း(PhD)(စာရင်းအင်းပညာ)]

12000 MMK
Out of stock
Publisher
ISBN
Pages
103
Wishlist View cart

ဇာတိကိန်းမဲ့ စာရင်းအင်းပညာနည်းလမ်များအတွက် R


ရေးသားပြုစုသူ- ဒေါက်တာစိုးဝင်း(PhD)(စာရင်းအင်းပညာ)


စာအုပ်ရေးသားပြုစုသူ၏ အမှာစာ

စာရင်းအင်းပညာဘာသာရပ်ကို လွယ်ကူစွာလေ့လာနိုင်စေရန်၊ အလွယ်တကူ နားလည် သဘောပေါက်စေရန်နှင့် မှန်ကန်စွာအသုံးပြုနိုင်စေရေး ရည်သန်၍၊ အခြေခံစာရင်းအင်းပညာ မှသည် အဆင့်မြင့်စာရင်းအင်းပညာဆီအထိ သုတေသနသုံးနှင့်သင်ကြားရေးသုံးဖြစ်သော R Software နှင့် တွဲဖက်ရေးသားခဲ့ပါသည်။


စာဖတ်သူများအတွက် R နှင့် ရင်းနှီးကျွမ်းဝင် စေရန်လည်း အားထုတ်ခဲ့ပါသည်။ ရေးသားခဲ့သောစာအုပ်များ၌ လက်တွေ့တွင် အသုံးများသော စာရင်းအင်းပညာ နည်းလမ်းများစွာပါဝင်ခဲ့သော်လည်း လစ်ဟာကွက်တစ်ခုက ဇာတိကိန်းမဲ့ နည်းလမ်းအများစုမှာ မပါဝင်ခဲ့ပါ။ စာရင်းအင်းပညာတွင် ဇာတိကိန်းမဲ့နည်းလမ်း (nonparametric method) များသည် ဇာတိကိန်းနည်းလမ်း (parametric method) များကဲ့သို့ ခိုင်မာအားကောင်းမှု နည်းပါးသော်လည်း နမူနာအရွယ်သေးငယ်သော်လည်း အသုံးပြုနိုင်ခြင်း၊ ဖယ်ထုတ်ရန်ခက်ခဲသော အစွန်းရောက်တန်ဖိုး (outlier value) များ ပါဝင်သည့် အချက်အလက်များအတွက် သင့်လျော်ခြင်း၊ ပြန့်ချက်၏ပုံစံကိုမသိသော အခါများတွင်လည်း အသုံးပြုနိုင်ခြင်းတို့ကြောင့် လက်တွေ့တွင် အသုံးများသည်ကို တွေ့ရပါသည်။ ထို့ကြောင့် လက်တွေ့တွင်အသုံးများသော ဇာတိကိန်းမဲ့နည်းလမ်းများကို လက်လှမ်းမှီသမျှ လေ့လာ၍ စုစည်းဖော်ပြအပ်ပါသည်။ ။


စာမျက်နှာ- ၁၀၃

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.